ပြည်သူချစ် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အကယ်ဒမီဆုကြီးနဲ့ဝေးကွာနေဆဲဖြစ်ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရရှိနေသူတစ်ဦးပါ။ ခင်လှိုင်ကတော့ အလုပ်အပေါ် ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့တာကြောင့် အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရပြီး စိတ်လက်ချမ်းသာစွာ နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်လှိုင်က လူတိုင်းအားကျရတဲ့ ချစ်စရာကောင်းပြီး နွေးထွေးလုံခြုံတဲ့ မိသားစုဘဝကြီးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သားသမီးတွေအပေါ် နားလည်မှုအပြည့်ပေးပြီး အုပ်ချုပ်တဲ့ ခင်လှိုင်က သူကိုယ်တိုင်လည်း သားသမီးတွေကို အရမ်းချစ်သလို သားသမီးတွေကိုလည်း ချစ်ချစ်ခင်ခင်ရှိတာပဲ မြင်စေချင်သူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာတော့ ခင်လှိုင်က သမီးငယ် သဇင်ထူးမြင့်ရဲ့ မွေးနေ့ညမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ပြီး (၂)လကြာ စကားမပြောကြတဲ့ နေရဲနဲ့ သဇင်ထူးမြင့်တို့ကို အဆင်ပြေသွားအောင် ညှိနှိုင်းပေးပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေဖို့ ဆုံးမပေးခဲ့တာကိုလည်း အခုလိုပဲ တွေ့ရပါတယ်။

ခင်လှိုင်ကတော့ ဖခင်တစ်ယောက်ပီပီ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီး မခေါ်မပြောကြတဲ့ နေရဲနဲ့ သဇင်ထူးမြင့်တို့ကို အဆင်ပြေအောင် ညှိုနှိုင်းပေးခဲ့တာ တကယ့်ကိုချစ်စရာကောင်းပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News