မင်းသားချောလေး စွမ်းဇာနည်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ စွမ်းဇာနည်က ဇာတ်မင်းသားအဖြစ် ဇာတ်ပွဲတွေမှာကပြဖျော်ဖြေပြီး နာမည်ကြီးခဲ့သလို သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စွမ်းဇာနည်က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့အပြင် သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဇာတ်တိုက်နေတာလည်း ဖြစ်ပါတယ် ။

အခုဆိုရင် စွမ်းဇာနည်က ဇာတ်ပွဲချစ်ကြတဲ့ပရိသတ်တွေကို ဖန်တီးမှုအသစ်တွေ ခံစားစေနိုင်စေဖို့အတွက် ကြိုးစားပမ်းစား ပြင်ဆင်နေတာလည်း ဖြစ်ပါတယ် ။ အမြဲတမ်းဖက်ရှင်ကျကျဝတ်ဆင်ပြီး ချောမောခန့်ညားနေတဲ့ စွမ်းဇာနည်က မိန်းကလေးပရိသတ်တွေရဲ့စိတ်ဝင်တစား အားပေးမှုကို ယနေ့အချိန်အထိ ရရှိနေဆဲလည်း ဖြစ်ပါတယ် ။ အခုတော့ စွမ်းဇာနည်က လက်ဆောင်အနေနဲ့ လက်ခံရရှိထားတဲ့ သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီး ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။

စွမ်းဇာနည်က “ဒီရက်ပိုင်းရတဲ့လက်ဆောင်လေးတွေပါ အရမ်းကြိုက်ပါတယ် ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ စွမ်းဇာနည်ကတော့ စိန်လက်စွပ်နှစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ LV ပုံစံရွှေပစ္စည်းတစ်ခု၊ Nike Airmax ဖိနပ်တစ်ရံ၊ Chanel Spray ၊ Armani Exchange နာရီတစ်လုံးနဲ့အခြားပစ္စည်းတွေကို လက်ဆောင်ရရှိလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ သိန်းရာနဲ့ချီတန်ကြေးရှိတဲ့ပစ္စည်းကောင်းတွေကို လက်ဆောင်ရလိုက်တဲ့ စွမ်းဇာနည်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Swelsone News